Saturday, February 9, 2013

* ဘုရားဂုဏ်တော်ကိုးပါး*


ထိုမြတ်စွာဘုရားသည် ဤသို.ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း “အရဟံ”မည်တော်မူ၏။ အလုံးစုံသော တရားတို.ကို ကိုယ်တိုင် မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း “သမ္မာသမ္ဗုဒ္ဓ ” မည်တော်မူ၏။ အသိဉာဏ်(၀ိဇ္ဇာ)၊ အကျင့်(စရဏ)နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း“ ၀ိဇ္ဇာစရဏသမ္ပန္န ”မည်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း  “သုဂတ” မည်တော်မူ၏။ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း“ လောက၀ိဒူ” မည်တော်မူ၏။
ဆုံးမထိုက်သော သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း “အနုတ္တရောပုရိသဒမ္မသာရထိ” မည်တော်မူ၏။ နတ်လူတို.၏ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း “ သတ္ထာဒေ၀မနုဿာနံ” မည်တော်မူ၏။ သစ္စာလေးပါးတရားတို.ကို သိတော်မူသော အကြောင်းကြောင့်လည်း “ဗုဒ္ဓ”မည်တော်မူ၏။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း “ဘဂ၀ါ” မည်တော်မူ၏။

No comments:

Post a Comment