အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဥ့်ဦးယံလွန်ပြီးသော (သန်ကောင်ယံ)အချိန်၌ ဇေတ၀န်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို. ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို.ကို လျှောက်၏။
`အဘယ်သူတို.အား နေ.၌၄င်း ညဥ့်၌၄င်း အခါခပ်သိမ်း ကောင်းမှုသည် တိုးပွါးပါသနည်း။ အဘယ်သူတို.သည် တရား၌ တည်ကုန်ရာသနည်း။ အဘယ်သူတို.သည် သီလနှင့် ပြည့်စုံကုန်သနည်း။ အဘယ်သူတို.သည် နတ်ပြည်သို. သွားကုန်သနည်း´ဟု လျှောက်၏။
`အကြင်သူတို.သည် သစ်သီးဥယျာဉ်၊ ပန်းဥယျာဉ်စိုက်ပျိုးကုန်၏။ တောသစ်ပင်ကို စိုက်ပျိုးကုန်၏။ တံတားခင်းကုန်၏။ အကြင်သူတို.သည် ရေအိုးစင်ကို၎င်း၊ ရေတွင်းကို၎င်း၊ နေရာကျောင်းကို၎င်း လှူဒါန်းကုန်၏။´
`ထိုသူတို.အား နေ.၌၄င်း ညဥ့်၌၄င်း အခါခပ်သိမ်း ကောင်းမှုသည် တိုးပွါး၏။ ထိုသူတို.သည် တရား၌ တည်ကုန်၏။ ထိုသူတို.သည် အလေ့အထစာရိတ္တသီလနှင့် ပြည့်စုံကုန်၏။ ထိုသူတို.သည် နတ်ပြည်သို. သွားရ၏´ဟု မိန်.တော်မူ၏။
No comments:
Post a Comment