Monday, February 11, 2013
**အရဟတ္တဖိုလ်**
ခက်ထန်မှု၊ အလွန်နိမ်.ကျမှုတို.တည်း။
ရဟန်းတို. ဤတရားခြောက်မျိုးတို.ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။
ရဟန်းတို. တရားခြောက်မျိုးတို.ကို ပယ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏။ အဘယ်ခြောက်မျိုးတို.နည်းဟူမူ မာန်မူမှု၊ ယုတ်သောမာန်မူမှု၊ အလွန်မာန်မူမှူ၊ အထင်ကြီးမှု၊
ခက်ထန်မှု၊ အလွန်နိမ့်ကျမှုတို.တည်း။
ရဟန်းတို. ဤတရားခြောက်မျိုးတို.ကို ပယ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန်
ထိုက်၏ဟု (မိန်.တော်မူ၏။)
**ကုသိုလ်တရားကြီးကျယ်ခြင်း**
ရဟန်းတို. တရားခြောက်မျိုးတို.နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင် ကုသိုလ်တရားတို.၌ ကြီးကျယ်ခြင်း ပြန်.ပြောခြင်းသို. ရောက်၏။
ရဟန်းတို. ဤသာသနာတော်၌ ရဟန်းသည် (ဉာဏ်)အလင်းရောင်များပြား၏။ အားထုတ်မှုလည်း များပြား၏။ နှစ်သက်ဝမ်းမြောက်မှုလည်းများ၏။ ကုသိုလ်တရားတို.၌ မရောင့်ရဲမှုလည်း များပြား၏။
ကုသိုလ်တရားတို.၌ တာဝန်ကို ပစ်ချမထား။ စွမ်းနိုင်သည်ထက်ပိုမို၍လည်း အားထုတ်၏။
ရဟန်းတို. ဤတရားခြောက်မျိုးတို.နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင် ကုသိုလ်တရားတို.၌ ကြီးကျယ်ခြင်း ပြန်.ပြောခြင်းသို. ရောက်၏ဟု (မိန်.တော်မူ၏။)
* မုသာဝါဒသုတ်တော်*
ရဟန်းတို. တရားလေးပါးတို.နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို. ဤအတူ ငရဲသို. ရောက်ရ၏။
အဘယ်လေးပါးတို.နည်းဟူမူ မဟုတ်မမှန်ပြောလေ့ရှိ၏။ ကုန်းစကားကို ဆိုလေ့ရှိ၏။ ကြမ်းတမ်းသော စကားကို ဆိုလေ့ရှိ၏။ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိ၏။
ရဟန်းတို. ဤတရားလေးပါးတို.နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို. ဤအတူ ငရဲသို. ရောက်ရ၏။
ရဟန်းတို. တရားလေးပါးတို.နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို. ဤအတူ နတ်ပြည်သို. ရောက်ရ၏။
အဘယ်လေးပါးတို.နည်းဟူမူ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏။ ကုန်းစကားကို ဆိုခြင်းမှ ရှောင်ကြဉ်၏။
ကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်၏။ ပြိန်ဖျင်းသောစကားကို ဆိုခြင်းမှ ရှောင်ကြဉ်၏။
ရဟန်းတို. ဤတရားလေးပါးတို.နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို. ဤအတူ နတ်ပြည်သို. ရောက်ရ၏ဟု (မိန်.တော်မူ၏။)
* ဒုစ္စရိတ၀ိပါကသုတ်တော်*
ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သူ၏ အသက်ကို သတ်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ သူ၏ အသတ်ကို သတ်ခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား အသက်တိုခြင်းကို ဖြစ်စေတတ်၏။
ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သော ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ခိုးယူခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။
ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ခိုးယူခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား
စည်းစိမ်ဥစ္စာပျက်စီးခြင်းကို ဖြစ်စေတတ်၏။
ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကာမဂုဏ်တို.၌ မှားယွင်းသောအားဖြင့်ကျင့်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။
ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ သူ.သားအိမ်ရာဟူသော ကာမဂုဏ်တို.၌ မှားယွင်းသောအားဖြင့်
ကျင့်ခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား ရန်သူတို.နှင့်တကွ ရန်ဖြစ်စေတတ်၏။
ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သော မဟုတ်မမှန်သော စကားကို ပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ မဟုတ်မမှန်သော စကားကို ပြောခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား
မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲခံရခြင်းကို ဖြစ်စေတတ်၏။
ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကုန်းတိုက်စကားပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ ကုန်းတိုက်စကားပြောကြားခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား အဆွေခင်ပွန်းတို.နှင့်ကွဲပြားခြင်းကို ဖြစ်စေတတ်၏။
ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌
ဖြစ်စေတတ်၏။ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား
မနှစ်သက်ဖွယ်သော အသံကို ဖြစ်စေတတ်၏။
ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သော ပြိန်ဖျင်းသော စကားကို ပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သောသူအား သူတပါးတို.မနာယူအပ်သော စကားရှိသည်ကို ဖြစ်စေတတ်၏။
ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သော သေအရက်ကို သောက်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ သေအရက်ကို သောက်ခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား
ရူးသွပ်ခြင်းကို ဖြစ်စေတတ်၏ဟု မိန်.တော်မူ၏။
(တရားအလှူ)
ရဟန်းတို. အလှူဒါနတို.သည် ဤနှစ်မျိုးတို.တည်း။ အဘယ်နှစ်မျိုးတို.နည်းဟူမူ ပစ္စည်းလေးပါးအလှူ`အာမိသဒါန´၄င်း၊ တရားအလှူ`ဓမ္မဒါန´၄င်းတို.တည်း။ ရဟန်းတို. အလှူဒါနတို.သည် ဤနှစ်မျိုးတို.တည်း။ ရဟန်းတို. ဤအလှူနှစ်မျိုးတို.တွင် အကြင်တရားအလှူသည် ရှိ၏။ ထိုတရားအလှူသည် မြတ်ပေသတည်းဟု (မိန်.တော်မူ၏။)
* ၀နရောပသုတ်တော် *
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဥ့်ဦးယံလွန်ပြီးသော (သန်ကောင်ယံ)အချိန်၌ ဇေတ၀န်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို. ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို.ကို လျှောက်၏။
`အဘယ်သူတို.အား နေ.၌၄င်း ညဥ့်၌၄င်း အခါခပ်သိမ်း ကောင်းမှုသည် တိုးပွါးပါသနည်း။ အဘယ်သူတို.သည် တရား၌ တည်ကုန်ရာသနည်း။ အဘယ်သူတို.သည် သီလနှင့် ပြည့်စုံကုန်သနည်း။ အဘယ်သူတို.သည် နတ်ပြည်သို. သွားကုန်သနည်း´ဟု လျှောက်၏။
`အကြင်သူတို.သည် သစ်သီးဥယျာဉ်၊ ပန်းဥယျာဉ်စိုက်ပျိုးကုန်၏။ တောသစ်ပင်ကို စိုက်ပျိုးကုန်၏။ တံတားခင်းကုန်၏။ အကြင်သူတို.သည် ရေအိုးစင်ကို၎င်း၊ ရေတွင်းကို၎င်း၊ နေရာကျောင်းကို၎င်း လှူဒါန်းကုန်၏။´
`ထိုသူတို.အား နေ.၌၄င်း ညဥ့်၌၄င်း အခါခပ်သိမ်း ကောင်းမှုသည် တိုးပွါး၏။ ထိုသူတို.သည် တရား၌ တည်ကုန်၏။ ထိုသူတို.သည် အလေ့အထစာရိတ္တသီလနှင့် ပြည့်စုံကုန်၏။ ထိုသူတို.သည် နတ်ပြည်သို. သွားရ၏´ဟု မိန်.တော်မူ၏။
* မေတ္တာသုတ်တော် *
ရဟန်းတို. (ဆန်.ကျင်ဖက်မှ)လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာပြုအပ် ယာဉ်ကဲ့သို.ပြုအပ် တည်ရာကဲ့သို.ပြုအပ် ရှေးရှူတည်စေအပ် လေ့လာအပ် ကောင်းစွာအားထုတ်အပ်သည်ရှိသော် အကျိုးတစ်ဆယ့်တစ်မျိုးတို.ကို မချွတ်ရလိမ့်မည်ဟု မြှော်လင့် နိုင်ကုန်၏။
အဘယ်တစ်ဆယ့်တစ်မျိုးတို.နည်းဟူမူ ချမ်းသာစွာ အိပ်ရ၏။ ချမ်းသာစွာနိုးရ၏။ အိပ်မက်ဆိုးကို မမြင်မက်။ လူအများ၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။ သားရဲဘီလူးတို.၏ ချစ်မြတ်နိုးခြင်းကို ခံရ၏။
နတ်တို.စောင့်ရှောက်ကုန်၏။ (ထိုမေတ္တာစိတ်ကို ပွါးများသော သူအား) မီးအဆိပ်လက်နက်တို.
မကျ မစွဲ မဖျက်ဆီးနိုင်။ လျင်မြန်စွာစိတ်တည်ကြည်၏။ မျက်နှာအဆင်းအထူးကြည်လင်၏။
မတွေမဝေ သေရ၏။ အလွန်မြတ်သော အရဟတ္တဖိုလ်တရားကို ထိုးထွင်း၍ မသိနိုင်သော်
ဗြဟ္မာပြည်သို. လား၏။
ရဟန်းတို.( ဆန်.ကျင်ဖက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာပြုအပ် ယာဉ်ကဲ့သို.ပြုအပ် တည်ရာကဲ့သို.ပြုအပ် ရှေးရှူတည်စေအပ် လေ့လာအပ် ကောင်းစွာအားထုတ်အပ်သည်ရှိသော် ဤတစ်ဆယ့်တစ်ပါးသော အာနိသင်တို.ကို မချွတ်ရလိမ့်မည်ဟု မြှော်လင့်နိုင်ကုန်၏ဟု မိန်.တော်မူ၏။
* (သီလ)*
ရဟန်းတို. တရားလေးမျိုးတို.နှင့်ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို. ဤအတူ ငရဲသို. ရောက်ရ၏။ အဘယ်လေးမျိုးတို.နည်းဟူမူ သူ.အသက်ကို သတ်လေ့ရှိ၏။ မပေးသည်ကို ယူလေ့ရှိ၏။ ကာမဂုဏ်တို.၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏။ မဟုတ်မမှန်ပြောလေ့ရှိ၏။ ရဟန်းတို. ဤတရားလေးမျိုးတို.နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို. ဤအတူ ငရဲသို. ရောက်ရ၏။
ရဟန်းတို. တရားလေးမျိုးတို.နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို. ဤအတူ နတ်ပြည်သို. ရောက်ရ၏။ အဘယ်လေးမျိုးတို.နည်းဟူမူ သူ.အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏။ ကာမဂုဏ်တို.၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်၏။ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို. ဤတရားလေးမျိုးတို.နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို. ဤအတူ နတ်ပြည်သို. ရောက်ရ၏ ဟု (မိန်.တော်မူ၏။)
* သပ္ပုရိသဒါနသုတ်တော်*
ရဟန်းတို. သူတော်ကောင်းတို.၏ပေးလှူခြင်းတို.သည် ဤရှစ်မျိုးတို.တည်း။
အဘယ်ရှစ်မျိုးတို.နည်းဟူမူ သန်.ရှင်းစင်ကြယ်သော လှူဖွယ်ဝတ္ထုကို ပေးလှူ၏။ မွန်မြတ်သော လှူဖွယ်ဝတ္ထုကို ပေးလှူ၏။ သင့်လျော်လျောက်ပတ်သော အခါ၌ ပေးလှူ၏။ အပ်သော လှူဖွယ်ဝတ္ထုကို ပေးလှူ၏။ အလှူခံပုဂ္ဂိုလ် လှူဖွယ်ဝတ္ထုကို ရွေးချယ်စိစစ်၍ ပေးလှူ၏။
မပြတ်ပေးလှူ၏။ ပေးလှူသည်ရှိသော် စိတ်ကို ကြည်လင်စေ၏။ ပေးလှူပြီးနောက် နှစ်သက်သောစိတ်ရှိ၏။
ရဟန်းတို. သူတော်ကောင်းတို.၏ ပေးလှူခြင်းတို.သည် ဤရှစ်မျိုးတို.တည်းဟု (မိန်.တော်မူ၏။)
လယ်ယာမြေကောင်းသဖွယ်ဖြစ်သော မြတ်သော အကျင့်ကို ကျင့်လေ့ရှိသော ပုဂ္ဂိုလ်တို.၌ သန်.ရှင်းစင်ကြယ်သော မွန်မြတ်သော အပ်သော အဖျော် ခဲဖွယ် ဘောဇဉ်ဟူသော လှူဖွယ်ကို လျောက်ပတ်သော အခါ၌ မပြတ်ပေးလှူ၏။
များစွာသော အာမိသကို စွန်.လှူပြီး၍ နှလုံးမသာရှိသည် မဖြစ်ရာ။ ဤသို. လှူအပ်သော အလှူတို.ကို အထူးရှုမြင်နိုင်သူတို.သည် ချီးမွမ်းကုန်၏။
သဒ္ဓါတရားနှင့်ပြည့်စုံသော ထက်မြတ်သော ညာဏ်ရှိသော ပညာရှိသည် လွတ်လွတ်စွန်.ကြဲသော စိတ်ဖြင့် ဤသို.ပေးလှူပူဇော်၍ ဆင်းရဲမရှိရာ ချမ်းသာသော (လူ.ပြည်၊နတ်
ပြည်)လောကသို. ရောက်ရ၏။
*ဒုတိယဒါနသုတ်တော်*
ရဟန်းတို. ပေးလှူကြောင်းဖြစ်သော ယုံကြည်မှု`သဒ္ဓါ´၊ ပေးလှူကြောင်းဖြစ်သော ရှက်မှု`ဟိရီ´၊ အပြစ်မရှိသော ပေးလှူမှု`ဒါန´ ထိုတရားတို.သည် သူတော်ကောင်းတို.သို. အစဉ်လိုက်ကုန်၏။ ထိုစကားသည် မှန်၏။ ထိုတရားအပေါင်းကို နတ်ပြည်ရောက်ကြောင်းလမ်းဟု ဆိုကုန်၏။ ထိုတရားအပေါင်းဖြင့် နတ်ပြည်သို. သွားရ၏ဟု (မိန်.တော်မူ၏။)
* **အလွန်ကဲဆုံးတရားများ***
ကျန်းမာခြင်းသည် အလွန်ကဲဆုံးလာဘ်ဖြစ်၏။
ဆာလောင်ခြင်းသည် အလွန်ကဲဆုံးရောဂါဖြစ်၏။
အမျက်ဒေါသသည် အလွန်ကဲဆုံးအပြစ်ဖြစ်၏။
သည်းခံခြင်းသည် အလွန်ကဲဆုံးအကျိုးစီးပွားဖြစ်၏။
တပ်မက်မှုတဏှာသည် အကောက်ကွေ.ဆုံးမြစ်ဖြစ်၏။
စိုးရိမ်မှုသောကသည် အလွန်ကဲဆုံးဆူးငြောင့်ဖြစ်၏။
တွေဝေခြင်းမောဟသည် အလွန်ကဲဆုံးပိုက်ကွန်ဖြစ်၏။
ရင်းနှီးကျွမ်းဝင်သူသည် အလွန်ကဲဆုံးဆွေမျိုးဖြစ်၏။
ဝတ္ထုအလှူအားလုံးတို.တွင် ကျောင်းအလှူသည် အမြတ်ဆုံးဖြစ်၏။
အလှူအားလုံးတို.တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။
အရသာတို.တွင် စင်စစ်အကောင်းမြတ်ဆုံးအရသာသည် သစ္စာတရားတည်း။
ယုံကြည်မှုသည် အလွန်ကဲဆုံးအဖော်ဖြစ်၏။
သားသမီးတို.တွင် မိဘစကားကိုနာယူသော သားသမီးသည် အမြတ်ဆုံးဖြစ်၏။
အချစ်မီးသည် အပူဆုံးမီးဖြစ်၏။
လောက၌ အကောင်းဆုံးအရာသည် သီလဖြစ်၏။
ခန္ဓာနှင့်တူသော ဆင်းရဲဒုက္ခသည် မရှိ။
နိဗ္ဗာန်သည် အလွန်ကဲဆုံးချမ်းသာဖြစ်၏။
မဂ္ဂင်ရှစ်ပါးသည် အလွန်ကဲဆုံးလမ်းဖြစ်၏။
* ရတနာသုံးပါး*
၁။ ဘုရားရတနာ
၂။ တရားရတနာ
၃။ သံဃာရတနာ။
* အနေ ႏၱာအန ႏၱငါးပါး*
၁။ ဘုရား
၂။ တရား
၃။ သံဃာ
၄။ မိဘ
၅။ ဆရာ။
*ပစ္စည်းဥစ္စာနှင့်ဆက်ဆံသော ရန်သူမျိုးငါးပါး*
၁။ မီး
၂။ ရေ
၃။ မင်း
၎။ ခိုးသူ
၅။ မချစ်မနှစ်သက်သော အမွေခံတို.။
Saturday, February 9, 2013
* ဘုရားဂုဏ်တော်ကိုးပါး*
ထိုမြတ်စွာဘုရားသည် ဤသို.ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း “အရဟံ”မည်တော်မူ၏။ အလုံးစုံသော တရားတို.ကို ကိုယ်တိုင် မှန်စွာသိတော်မူသော အကြောင်းကြောင့်လည်း “သမ္မာသမ္ဗုဒ္ဓ ” မည်တော်မူ၏။ အသိဉာဏ်(၀ိဇ္ဇာ)၊ အကျင့်(စရဏ)နှင့်ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း“ ၀ိဇ္ဇာစရဏသမ္ပန္န ”မည်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း “သုဂတ” မည်တော်မူ၏။ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း“ လောက၀ိဒူ” မည်တော်မူ၏။
ဆုံးမထိုက်သော သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း “အနုတ္တရောပုရိသဒမ္မသာရထိ” မည်တော်မူ၏။ နတ်လူတို.၏ဆရာဖြစ်တော်မူသော
အကြောင်းကြောင့်လည်း “ သတ္ထာဒေ၀မနုဿာနံ” မည်တော်မူ၏။ သစ္စာလေးပါးတရားတို.ကို သိတော်မူသော အကြောင်းကြောင့်လည်း “ဗုဒ္ဓ”မည်တော်မူ၏။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း “ဘဂ၀ါ” မည်တော်မူ၏။
* တရားဂုဏ်တော်ခြောက်ပါး*
တရားတော်သည် မြတ်စွာဘုရား ကောင်းစွာဟောကြားထားသော တရားတော်ပါပေတည်း။
ကိုယ်တိုင်သိမြင်နိုင်သော တရားတော်ပါပေတည်း။
အခါမလင့် အကျိုးပေးသော တရားတော်ပါပေတည်း။
လာလှည့် ရှုလှည့်ပါဟု ပြထိုက်သော တရားတော်ပါပေတည်း။
မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း။
(အရိယာ)ပညာရှိတို.သာ ကိုယ်စီကိုယ်ငှ သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း။
* သံဃာဂုဏ်တော်ကိုးပါး*
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူ၏။
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူ၏။
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် မှန်သော အကျင့်ရှိတော်မူ၏။
မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော်မူ၏။
အစုံအားဖြင့်လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန်
ထိုက်တန်တော်မူပါပေ၏။ ဧည့်သည်တို.အလို.ငှါ စီမံထားသော ၀တ္ထုကိုသော်လည်း ခံတော်မူထိုက်ပါပေ၏။ တမလွန်အတွက်ရည်မြှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏။
လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏။ သတ္တ၀ါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ်ပါပေ၏။
*နတ်ပြည်ခြောက်ထပ်*
၁။ စတုမဟာရာဇ်နတ်ပြည်
၂။ တာဝတိံသာနတ်ပြည်
၃။ ယာမာနတ်ပြည်
၎။ တုသိတာနတ်ပြည်
၅။ နိမ္မာနရတိနတ်ပြည်
၆။ ပရနိမ္မိတ၀သ၀တ္တီနတ်ပြည်။
*ပျက်စီးခြင်းငါးပါး*
၁။ ဆွေမျိုးပျက်စီးခြင်း
၂။ ပစ္စည်းဥစ္စာပျက်စီးခြင်း
၃။ အနာရောဂါဖြစ်၍ ပျက်စီးခြင်း
၎။ အယူမှန်ပျက်စီးခြင်း
၅။ သီလပျက်စီးခြင်း။
* ချို.ယွင်းခြင်း(၀ိပတ္တိတရား)လေးပါး*
၁။ မင်းဆိုးအုပ်ချုပ်သော ကာလမှာ ဖြစ်ရခြင်း
၂။ အပါယ်လေးဘုံမှာ ဖြစ်ရခြင်း
၃။ ရုပ်ဆင်းအင်္ဂါချို.တဲ့ခြင်း
၎။ မှန်ကန်သော ကြိုးစားအားထုတ်မှုမရှိခြင်း။
* လောကသုံးပါး*
၁။ သတ္တလောက
၂။ သြကာသလောက
၃။ သင်္ခါရလောက။
*အာရုံခြောက်ပါး*
၁။ မျက်စိ
၂။ နား
၃။ နှာခေါင်း
၎။ လျှာ
၅။ ကိုယ်
၆။ စိတ်။
*ဘေးလေးမျိုး*
၁။ မီးဘေး
၂။ ရေဘေး
၃။ မင်းဘေး
၎။ ခိုးသူဘေး။
Wednesday, February 6, 2013
* အနှစ်လေးမျိုး*
၁။ သီလအနှစ်
၂။ သမာဓိအနှစ်
၃။ ပညာအနှစ်
၎။ ၀ိမုတ္တိအရဟတ္တဖိုလ်အနှစ်။
*သံသရာချဲ.ထွင်တတ်သော တရားသုံးပါး*
၁။ တဏှာ
၂။ မာန
၃။ ဒိဋ္ဌိ။
*သံယောဇဉ်သုံးပါး*
၁။ သက္ကာယဒိဋ္ဌိ
၂။ ၀ိစိကိစ္ဆာ
၃။ သီလဗ္ဗတပရာမာသ
*ငယ်သော်လည်း မထီမဲ့မြင်မပြုအပ်သော အရာလေးပါး*
၁။ မြွေ
၂။ မီး
၃။ မင်းသား
၎။ ရဟန်း။
* သားသမီးဝတ္တရားငါးပါး *
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ
မွေခံထိုက်စေ၊ လှူမျှဝေ၍
စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို.တာ။
* မိဘ၀တ္တရားငါးပါး*
မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်
ဖခင်မယ်တို.တာ။
* ဆရာ့ဝတ္တရားငါးပါး*
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို.၊ ဆရာတို.
ကျင့်ဖို.၀တ်ငါးဖြာ။
*တပည့်ဝတ္တရားငါးပါး*
၂။ ခစားဆည်းကပ်ခြင်း၊
၃။ စကားကို နာယူခြင်း၊
၎။ ရိုသေစွာ ပြုစုလုပ်ကျွေးခြင်း၊
၅။ အတတ်ပညာတို.ကို ရိုသေစွာသင်ယူခြင်း။