Monday, April 8, 2013

ပုဂ္ဂလပညတ်ပါဠိတော်မြန်မာပြန် ၂- ဒုကပုဂ္ဂလပညတ် (မှတ်စု)

*** ပုဂ္ဂလပညတ်ပါဠိတော်မြန်မာပြန်***
၂- ဒုကပုဂ္ဂလပညတ်

၄၅။ အမျက်ထွက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ထိုစကား၌ အမျက်ထွက်ခြင်း`ကောဓ´ဟူသည် အဘယ်နည်း။ အကြင်အမျက်ထွက်ခြင်း အမျက်ထွက်သော အခြင်းအရာ အမျက်ထွက်သူ၏ အဖြစ် ပြစ်မှားခြင်း ပြစ်မှားသောအခြင်းအရာ ပြစ်မှားသူ၏အဖြစ် ပကတိသဘောကိုစွန်.ခြင်း ပကတိသဘောကိုစွန်.သောအခြင်းအရာ ပကတိသဘောကိုစွန်.သူ၏အဖြစ် ဆန်.ကျင်ခြင်း အဖန်ဖန်ဆန်.ကျင်ခြင်း ကြမ်းတမ်းသူ၏အဖြစ် စကားကိုပြည့်စုံစွာမဆိုနိုင်ခြင်း စိတ်နှလုံးမသာယာသောအဖြစ်သည် ရှိ၏။ ဤသည်ကို အမျက်ထွက်ခြင်း`ကောဓ´ဟူ၍ ဆိုအပ်၏။အကြင်ပုဂ္ဂိုလ်သည် အမျက်ထွက်ခြင်း`ကောဓ´ကို မပယ်အပ်။ ဤပုဂ္ဂိုလ်ကို အမျက်ထွက်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၄၆ ။ ရန်ငြိုးဖွဲ.တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ထိုစကား၌ ရန်ငြိုးဖွဲ.ခြင်း`ဥပနာဟ´ဟူသည် အဘယ်နည်း။ ရှေးဦးစွာ အမျက်ထွက်ခြင်းဖြစ်၏။ ထို.နောက် ရန်ငြိုးဖွဲ.ခြင်းဖြစ်၏။ ဤသို.သဘောရှိသော အကြင်ရန်ငြိုးဖွဲ.ခြင်း ရန်ငြိုးဖွဲ.သောအခြင်းအရာ ရန်ငြိုးဖွဲ.သူ၏အဖြစ် ရှေးရှူထားခြင်း အမျက်ထားခြင်း ပြင်းစွာထားခြင်း အစဉ်တည်ခြင်း အစဉ်ဖွဲ.ခြင်း အမျက်ကို မြဲမြံစွာပြုခြင်းသည် ရှိ၏။ ဤသည်ကို ရန်ငြိုးဖွဲ.ခြင်း`ဥပနာဟ´ ဟူ၍ ဆိုအပ်၏။ အကြင်ပုဂ္ဂိုလ်သည် ဤရန်ငြိုးဖွဲ.ခြင်းကို မပယ်အပ်။ ဤပုဂ္ဂိုလ်ကို ရန်ငြိုးဖွဲ.သော ပုဂ္ဂိုလ် ဟူ၍ ဆိုအပ်၏။

Monday, February 11, 2013

**အရဟတ္တဖိုလ်**

    ရဟန်းတို. တရားခြောက်မျိုးတို.ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။       အဘယ်ခြောက်မျိုးတို.နည်းဟူမူ မာန်မူမှု၊ ယုတ်သော မာန်မူမှု၊ အလွန်မာန်မူမှု၊ အထင်ကြီးမှု၊ 
ခက်ထန်မှု၊ အလွန်နိမ်.ကျမှုတို.တည်း။
     ရဟန်းတို. ဤတရားခြောက်မျိုးတို.ကို မပယ်မူ၍ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် မထိုက်။
     ရဟန်းတို. တရားခြောက်မျိုးတို.ကို ပယ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ထိုက်၏။ အဘယ်ခြောက်မျိုးတို.နည်းဟူမူ မာန်မူမှု၊ ယုတ်သောမာန်မူမှု၊ အလွန်မာန်မူမှူ၊ အထင်ကြီးမှု၊
ခက်ထန်မှု၊ အလွန်နိမ့်ကျမှုတို.တည်း။
      ရဟန်းတို. ဤတရားခြောက်မျိုးတို.ကို ပယ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန်
ထိုက်၏ဟု (မိန်.တော်မူ၏။)

**ကုသိုလ်တရားကြီးကျယ်ခြင်း**

*——-*
   ရဟန်းတို.  တရားခြောက်မျိုးတို.နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင် ကုသိုလ်တရားတို.၌ ကြီးကျယ်ခြင်း ပြန်.ပြောခြင်းသို. ရောက်၏။
    ရဟန်းတို. ဤသာသနာတော်၌ ရဟန်းသည် (ဉာဏ်)အလင်းရောင်များပြား၏။ အားထုတ်မှုလည်း များပြား၏။ နှစ်သက်ဝမ်းမြောက်မှုလည်းများ၏။ ကုသိုလ်တရားတို.၌ မရောင့်ရဲမှုလည်း များပြား၏။
ကုသိုလ်တရားတို.၌ တာဝန်ကို ပစ်ချမထား။ စွမ်းနိုင်သည်ထက်ပိုမို၍လည်း အားထုတ်၏။
     ရဟန်းတို. ဤတရားခြောက်မျိုးတို.နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင် ကုသိုလ်တရားတို.၌ ကြီးကျယ်ခြင်း ပြန်.ပြောခြင်းသို. ရောက်၏ဟု (မိန်.တော်မူ၏။)

* မုသာဝါဒသုတ်တော်*


  ရဟန်းတို. တရားလေးပါးတို.နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို. ဤအတူ ငရဲသို. ရောက်ရ၏။
   အဘယ်လေးပါးတို.နည်းဟူမူ မဟုတ်မမှန်ပြောလေ့ရှိ၏။ ကုန်းစကားကို ဆိုလေ့ရှိ၏။ ကြမ်းတမ်းသော စကားကို ဆိုလေ့ရှိ၏။ ပြိန်ဖျင်းသော စကားကို ဆိုလေ့ရှိ၏။
   ရဟန်းတို. ဤတရားလေးပါးတို.နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို. ဤအတူ ငရဲသို. ရောက်ရ၏။
   ရဟန်းတို. တရားလေးပါးတို.နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို.  ဤအတူ နတ်ပြည်သို. ရောက်ရ၏။
   အဘယ်လေးပါးတို.နည်းဟူမူ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏။ ကုန်းစကားကို ဆိုခြင်းမှ ရှောင်ကြဉ်၏။
ကြမ်းတမ်းသော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်၏။ ပြိန်ဖျင်းသောစကားကို ဆိုခြင်းမှ ရှောင်ကြဉ်၏။
    ရဟန်းတို. ဤတရားလေးပါးတို.နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို.     ဤအတူ  နတ်ပြည်သို. ရောက်ရ၏ဟု (မိန်.တော်မူ၏။)

* ဒုစ္စရိတ၀ိပါကသုတ်တော်*



  ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သူ၏ အသက်ကို သတ်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ သူ၏ အသတ်ကို သတ်ခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား အသက်တိုခြင်းကို ဖြစ်စေတတ်၏။
  ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သော ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ခိုးယူခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။
ပိုင်ရှင်မပေးသော သူတပါးဥစ္စာကို ခိုးယူခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား
စည်းစိမ်ဥစ္စာပျက်စီးခြင်းကို ဖြစ်စေတတ်၏။
  ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကာမဂုဏ်တို.၌ မှားယွင်းသောအားဖြင့်ကျင့်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။
ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ သူ.သားအိမ်ရာဟူသော ကာမဂုဏ်တို.၌ မှားယွင်းသောအားဖြင့်
ကျင့်ခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား ရန်သူတို.နှင့်တကွ ရန်ဖြစ်စေတတ်၏။
   ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သော မဟုတ်မမှန်သော စကားကို ပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ မဟုတ်မမှန်သော စကားကို ပြောခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား
မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲခံရခြင်းကို ဖြစ်စေတတ်၏။
   ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကုန်းတိုက်စကားပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ ကုန်းတိုက်စကားပြောကြားခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား အဆွေခင်ပွန်းတို.နှင့်ကွဲပြားခြင်းကို ဖြစ်စေတတ်၏။
   ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌
ဖြစ်စေတတ်၏။ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား
မနှစ်သက်ဖွယ်သော အသံကို ဖြစ်စေတတ်၏။
   ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သော ပြိန်ဖျင်းသော စကားကို ပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သောသူအား သူတပါးတို.မနာယူအပ်သော စကားရှိသည်ကို ဖြစ်စေတတ်၏။
  ရဟန်းတို. မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာပြုအပ်သော သေအရက်ကို သောက်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏။ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏။ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏။ သေအရက်ကို သောက်ခြင်း၏ အပေါ့ဆုံးအကျိုးသည် လူဖြစ်သော သူအား
ရူးသွပ်ခြင်းကို ဖြစ်စေတတ်၏ဟု မိန်.တော်မူ၏။

(တရားအလှူ)

ရဟန်းတို. အလှူဒါနတို.သည် ဤနှစ်မျိုးတို.တည်း။ အဘယ်နှစ်မျိုးတို.နည်းဟူမူ ပစ္စည်းလေးပါးအလှူ`အာမိသဒါန´၄င်း၊ တရားအလှူ`ဓမ္မဒါန´၄င်းတို.တည်း။ ရဟန်းတို. အလှူဒါနတို.သည် ဤနှစ်မျိုးတို.တည်း။ ရဟန်းတို. ဤအလှူနှစ်မျိုးတို.တွင် အကြင်တရားအလှူသည် ရှိ၏။ ထိုတရားအလှူသည် မြတ်ပေသတည်းဟု (မိန်.တော်မူ၏။)

* ၀နရောပသုတ်တော် *

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဥ့်ဦးယံလွန်ပြီးသော (သန်ကောင်ယံ)အချိန်၌ ဇေတ၀န်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို. ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောအရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို.ကို လျှောက်၏။

`အဘယ်သူတို.အား နေ.၌၄င်း ညဥ့်၌၄င်း အခါခပ်သိမ်း ကောင်းမှုသည် တိုးပွါးပါသနည်း။ အဘယ်သူတို.သည် တရား၌ တည်ကုန်ရာသနည်း။ အဘယ်သူတို.သည် သီလနှင့် ပြည့်စုံကုန်သနည်း။ အဘယ်သူတို.သည် နတ်ပြည်သို. သွားကုန်သနည်း´ဟု လျှောက်၏။

`အကြင်သူတို.သည် သစ်သီးဥယျာဉ်၊ ပန်းဥယျာဉ်စိုက်ပျိုးကုန်၏။ တောသစ်ပင်ကို စိုက်ပျိုးကုန်၏။ တံတားခင်းကုန်၏။ အကြင်သူတို.သည် ရေအိုးစင်ကို၎င်း၊ ရေတွင်းကို၎င်း၊ နေရာကျောင်းကို၎င်း လှူဒါန်းကုန်၏။´

`ထိုသူတို.အား နေ.၌၄င်း ညဥ့်၌၄င်း အခါခပ်သိမ်း ကောင်းမှုသည် တိုးပွါး၏။ ထိုသူတို.သည် တရား၌ တည်ကုန်၏။ ထိုသူတို.သည် အလေ့အထစာရိတ္တသီလနှင့် ပြည့်စုံကုန်၏။ ထိုသူတို.သည် နတ်ပြည်သို. သွားရ၏´ဟု မိန်.တော်မူ၏။