*** ပုဂ္ဂလပညတ်ပါဠိတော်မြန်မာပြန်***
၂- ဒုကပုဂ္ဂလပညတ်
၄၅။ အမျက်ထွက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ထိုစကား၌ အမျက်ထွက်ခြင်း`ကောဓ´ဟူသည် အဘယ်နည်း။ အကြင်အမျက်ထွက်ခြင်း အမျက်ထွက်သော အခြင်းအရာ အမျက်ထွက်သူ၏ အဖြစ် ပြစ်မှားခြင်း ပြစ်မှားသောအခြင်းအရာ ပြစ်မှားသူ၏အဖြစ် ပကတိသဘောကိုစွန်.ခြင်း ပကတိသဘောကိုစွန်.သောအခြင်းအရာ ပကတိသဘောကိုစွန်.သူ၏အဖြစ် ဆန်.ကျင်ခြင်း အဖန်ဖန်ဆန်.ကျင်ခြင်း ကြမ်းတမ်းသူ၏အဖြစ် စကားကိုပြည့်စုံစွာမဆိုနိုင်ခြင်း စိတ်နှလုံးမသာယာသောအဖြစ်သည် ရှိ၏။ ဤသည်ကို အမျက်ထွက်ခြင်း`ကောဓ´ဟူ၍ ဆိုအပ်၏။အကြင်ပုဂ္ဂိုလ်သည် အမျက်ထွက်ခြင်း`ကောဓ´ကို မပယ်အပ်။ ဤပုဂ္ဂိုလ်ကို အမျက်ထွက်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။
၄၆ ။ ရန်ငြိုးဖွဲ.တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ထိုစကား၌ ရန်ငြိုးဖွဲ.ခြင်း`ဥပနာဟ´ဟူသည် အဘယ်နည်း။ ရှေးဦးစွာ အမျက်ထွက်ခြင်းဖြစ်၏။ ထို.နောက် ရန်ငြိုးဖွဲ.ခြင်းဖြစ်၏။ ဤသို.သဘောရှိသော အကြင်ရန်ငြိုးဖွဲ.ခြင်း ရန်ငြိုးဖွဲ.သောအခြင်းအရာ ရန်ငြိုးဖွဲ.သူ၏အဖြစ် ရှေးရှူထားခြင်း အမျက်ထားခြင်း ပြင်းစွာထားခြင်း အစဉ်တည်ခြင်း အစဉ်ဖွဲ.ခြင်း အမျက်ကို မြဲမြံစွာပြုခြင်းသည် ရှိ၏။ ဤသည်ကို ရန်ငြိုးဖွဲ.ခြင်း`ဥပနာဟ´ ဟူ၍ ဆိုအပ်၏။ အကြင်ပုဂ္ဂိုလ်သည် ဤရန်ငြိုးဖွဲ.ခြင်းကို မပယ်အပ်။ ဤပုဂ္ဂိုလ်ကို ရန်ငြိုးဖွဲ.သော ပုဂ္ဂိုလ် ဟူ၍ ဆိုအပ်၏။